မင်းလှမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေများပေးအပ်

မင်းလှ (အောက်) ဇန်နဝါရီ ၂၉

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့်ပုံမှန် ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု များအတွက် ထောက်ပံ့မှုများ ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ပြုလုပ်သည်။

‌ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဝေဝေသွယ်နှင့် တာဝန်ရှိသူများက ရပ်ကွက်/  ကျေးရွာ (၆၆)အုပ်စုမှ အုပ်ချုပ်ရေးမှုးများထံ အိမ်ထောင်စုပေါင်း (၃၄၁၅)စုအတွက် ကျပ် (၆၈၃၀၀၀၀၀)ကို လွှဲပြောင်းပေးအပ် ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများအား သက်ဆိုင်ရာ အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုဝင်များ လက်ဝယ် သို့ မှန်မှန်ကန်ကန် အပြည့်အဝ ရောက်ရှိရန်အတွက် ကြီးကြပ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်း များက အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အမြန်ဆုံး ဖြန့်ဝေထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)