အုတ်ဖို ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပရဟိတအဖွဲ့ အသင်းသူ၊ အသင်း သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှာ ဇန်နဝါရီလ ၂၇ ရက်နေ့က ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးရာမှ ကျန်ရှိသည့် ဆေးဖြစ်ပြီး အုတ်ဖိုမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများ (၁၇၁)ဦးအနက်မှ ယာဉ်မောင်းများနှင့် Quarantine ဝင်ရောက်နေသူများအား အနီးကပ် စောင့်ကြည်သူ(၄၀)ဦးအား စိစစ်ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသော (၁၃၁)ဦးနှင့် ဌာနဆိုင်ရာ များအား မြို့နယ်အတွက် ကာကွယ်ဆေးထပ်မံ ရရှိမှုအပေါ် မူတည်၍ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇော်မောင်ထံမှ သိရ သည်။
အောင်သူ(အုတ်ဖို)