မြောင်းမြ၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်း စီမံကိန်းများနှင့် လျာထား အဆိုပြုချက်များ အတည်ပြုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြောင်းမြ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊  စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်း စီမံကိန်းများနှင့် လျာထားအဆိုပြုချက်များ အတည်ပြုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန့်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး က အဖွင့်အမှာစကား ပြောကြားပြီး၊ ကော်မတီအတွင်းရေးမှူး ခရိုင်စီမံကိန်း ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခိုင်မမစိုးက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းများ လျာထား၊ အဆိုပြုချက်များ ရေးဆွဲခြင်း နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံကိန်းများ နှင့်ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ အမှတ်စဉ်(/၂၀၂၁)အရ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီများမှ တင်ပြသည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းများအား  အတည်ပြု ပေးခဲ့ကြောင်းနှင့် အဆိုပါ အစည်းအဝေးသို့ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဝင်များနှင့် မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စန္ဒာကြည်(မြောင်းမြ)