မြောင်းမြ ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရွှေမင်းသား ဖောင်ဒေရှင်း (မြန်မာ)မြောင်းမြရုံးခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆံဆွေးနွေးပွဲကို ယနေ့နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်စန္ဒာကြည်က ရွှေမင်းသား ဖောင်ဒေရှင်း (မြန်မာ) မြောင်းမြရုံးခွဲအဖွဲ့နှင့် တွေ့ဆုံရသည့် ရည်ရွယ်ချက်များ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးနှင့် ဖောင်ဒေရှင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီး ဖောင်ဒေရှင်း(မြန်မာ) မြောင်းမြရုံးခွဲ အတွင်းရေးမှူး ဦးထွန်းမြင့်ဦးကလည်း မြောင်းမြမြို့နယ်အတွင်း မသန်းစွမ်းအသင်းဝင်များ အခြေအနေ၊ သင်တန်းတက်ရောက်ပြီး အဖွဲ့ဝင်များ အနေဖြင့် လက်တွေ့တွင် ပြန်လည်အသုံးချနေမှုများ၊ မသန်စွမ်း အထောက်အကူပြု ကော်မတီ ဆောင်ရွက်ချက်များ၊ ကူညီထောက်ပံ့ပေးမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
စန္ဒာကြည်(မြောင်းမြ)