ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း

ပန်းတနော်  ဇန်နဝါရီ  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ် ဖွဲ့စည်းခြင်းကို ယမန်နေ့  မွန်းလွဲ ၁ နာရီက အနောက်ပိုင်း ရပ်ကွက် မြို့နယ်အားကစားခန်းမ၌ ဖွဲ့စည်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် ရွေးချယ်မှုကြီးကြပ်ရေး ကော်မတီမှ ​မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်သန်းနှင့် အဖွဲ့များက ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းစဉ်အရပ်ရပ်ကို ထပ်မံရှင်းလင်း ပြောကြားပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို သက်မှတ် စည်းကမ်းချက်များ နှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၅၆)အုပ်စုရှိပြီး မြို့နယ်ရွေးချယ်မှု ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို နယ်မြေကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)