မယ်စဲ့ ဇန်နဝါရီ ၂၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး၍ ကျန်းမာရေးပြဿာနာများ ဖြစ်ပေါ်လာပါက အချိန်မီကုသစစ်ဆေးခြင်း ဆောင်ရွက်နိုင်ရန် အတွက် ကျန်းမာရေးဆိုင်ရာပြင်ဆင်မှုများ ဆောင်ရွက်ထားရှိခြင်းနှင့် ကာကွယ်ဆေးထိုး နှံခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ထိုးနှံ ပေးခဲ့ ကြောင်း သိရသည်။
မယ်စဲ့မြို့နယ် အတွင်းရှိ ကုသရေးဦးစီးဌာနမှ ဝန်ထမ်း ၅၀ ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း ၃၃ ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်း ၇ ဦး၊ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း ၉၀ ဦးတို့အား ပထမ အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်အား ဖေဖော်ဝါရီ (၂၅) ရက်နေ့တွင် ထပ်မံထိုးနှံ ပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)