ရှမ်းရွာသစ် ဇန်နဝါရီ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နှစ်စဉ်ခွင့်ပြုရန်ပုံ ငွေများဖြင့် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ရှမ်းရွာသစ်မြို့ စောလောကျေးရွာ အုပ်စု ကွီးလော်ဖလိုးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်း ခြံစည်းရိုးကာရန်ခြင်း လုပ်ငန်းကို ဇန်နဝါရီလ (၂၆)ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လူထုဗဟုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) ရန်ပုံငွေကျပ်(၁၁၀) သိန်းဖြင့် အရှည်(၈၃၅)ပေနှင့်အမြင့်(၅)ပေရှိ ကျောင်းဝင်းခြံစည်းရိုးကာရန်ခြင်းကို လုပ်ငန်းတာဝန်ရှိသူများတို့က သတ်မှတ် စံချိန်စံညွန်းနှင့်အညီပြည့်မီစေရေးနှင့် လုပ်ငန်းများနှောင့်နှေး ကြံ့ကြာမှုမရှိစေရေးအတွက် ကျေးရွာနေ ပြည်သူ လူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်းဆောင်ရွက် ပြီးစီးပါက ယခင်ကထက် ကျောင်းခြံစည်းရိုးတင့်တယ် ကောင်းမွန်လာပြီး အမြင်အားဖြင့်များစွာ လှပလာမည် ဖြစ်ကြောင်း လုပ်ငန်းတာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။
ဇင်လေး(ပြန်/ဆက်)