ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကွီးလေးကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရှမ်းရွာသစ်  ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  အသက် (၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား  လူမှုရေးပင်စင ်ထောက်ပံ့ငွေ ကျပ် တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် (အောက်တို ဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ်အတွက် ငွေကျပ် (၃၀၀၀၀)ကျပ်စီကို ယမန်နေ့က ကွီးလေးကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွား များထံသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူတို့က  ကွီးလေး ကျေးရွာ အုပ်စုရှိ  အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀/)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၁၈၀၀၀၀/)ကျပ်ကို လက်ဝယ်အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည

ဇင်လေး(ပြန်/ဆက်)