ကလေးမြို့တွင် ကိုဗစ်-၁၉အတည်ပြုလူနာ (၂) ဦးတွေ့ရှိ

ကလေး ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ယမန်နေ့ ကလေးမြို့မှထွက်ခွာမည့် အရေးကြီး ကုန်တင်ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာ (၁)ဦးတွင်လည်းကောင်း၊ အသွားအလာ ကန့်သတ်ထားသည့် ပြည်တွင်း/ပြည်ပပြန်များအား Test Kit ဖြင့် စစ်ဆေးရာ (၁) ဦးတွင် လည်းကောင်း စုစုပေါင်း (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါ Positive အဖြေထွက်ရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာများမှာ ကလေးမြို့  ကြို့သုံးပင်ရပ်ကွက်နယ်မြေ(၇)မှ အသက်(၃၀)နှစ် အရွယ် အမျိုးသားတစ်ဦး၊ စော်ဘွားရေရှင်ကျေးရွာနေအသက် (၁၆)နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ဖြစ် ကြပြီး အတည်ပြုလူနာ (၂) ဦးတို့ကို အိတ်စွပ်ရှိ အထူးကြပ်မတ်ကုဆောင်တွင် ဆေးကုသမှု ခံယူစေလျက် ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ (၄၆၁) ဦးအထိ ရှိကာ (၄၂၁)ဦးတို့မှာဆေးရုံဆင်းခွင့်ရရှိကြပြီး သေဆုံးသူ (၁၂)ဦးအထိရှိကာ ကျန်ရှိနေသည့် အတည်ပြုလူနာ များ(၂၈)တို့ကို တိုင်းရင်းဆေးရုံနှင့်ပြည်သူ့အဌားအိမ်ယာ အိတ်စွပ်ရှိ အထူးကြပ်မတ် ကုသဆောင်တို့တွင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)