ရှမ်းရွာသစ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းရွာသစ် ဇန်နဝါရီ ၂၉

            ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပထမသုံးလပတ်အ တွက် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ ထောက် ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်တွင် တာဝန်ရှိသူတို့က လက်ဝယ်အ ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

            အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ကိုယ်ဝန် ဆောင်မိခင်(၆)ဦးနှင့် အသက်(၂)နှစ်အောက်ကလေးငယ်(၁၉)၊ စုစုပေါင်း(၂၅)ဦးတို့အတွက် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ်အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၀၅၀၀၀၀/-)ကို လက်ဝယ်အ ရောက်ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်နှင့် အသက်(၂)နှစ် အောက်က လေးငယ်များအား တာဝန်ရှိသူတို့က ထောက်ပံ့ငွေများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)