​ရေတာရှည်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် ကြီးကြပ်ရေးအဖွဲ့များ​ ရွေးချယ်ဆောင်ရွက်

ရေတာရှည် ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ရေတာရှည်မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသော ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ်ဆောင်ရွက် နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ်ဆောင်ရွက် နိုင်ရေးလုပ်ငန်းစဉ်များကို ပြည်သူများ သိရှိစေရန် အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက် ခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့များ​ရွေးချယ်ခြင်း ကို ဇန်နဝါရီလ ၂၅ ရက်​နေ့မှ ဖေ​ဖော်ဝါရီလ  ၇ ရက်​နေ့အထိ ကျေးရွာများအရောက် ကွင်းဆင်းရှင်းလင်းဆွေးနွေး ဆောင်ရွက်ကြမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များအား ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၅)အုပ်စုကို မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အတူ မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ ဒေသအလိုက် အဖွဲ့(၁၁)ဖွဲ့ခွဲ၍ ကျေးရွာများ အရောက် ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသော ပြည်သူများမှ သိလို သည့် အချက်များအား မေးမြန်းကြရာ ပြန်လည်ဖြေကြား ဆွေးနွေးဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

ဆု (ပြန်/ဆက်)