ဖြူး ဇန်နဝါရီ ၂၉
ပဲခူးတိုင်ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး၌ ယနေ့ နံနက်(၁၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
အခမ်းအနားတွင် အမှတ်-၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကျေးလက်ဦးစီးမှူးနှင့် (TPIC) အဖွဲ့ များမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)ကျေးရွာ (၁၅)ရွာအား တစ်ရွာလျှင် ကျပ် သိန်း(၁၀၀) စုစုပေါင်း(ကျပ်သိန်း၁၅၀၀)အား လည်းကောင်း၊ မြစိမ်းရောင်စီမံကိန်းကျေးရွာ(၃)ရွာအား တစ်ရွာလျှင် ကျပ်သိန်း (၃၀၀) စုစုပေါင်းကျပ်သိန်း (၉၀၀)အား အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ကျေးလက်ဦးစီးဌာနမှ သိရှိရသည်။
မနွယ်(ဖြူး)