နတ်မောက် ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူနိုင်ရေး အတွက် နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အလှူငွေများလှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူနေကြ သော အငြိမ်းစားဝန်ထမ်း (၁၃၉၄)ဦး၏ စုပေါင်းလှူဒါန်းငွေ (၉၄၄၂၅ဝိ/-)ကျပ်နှင့် မြို့နယ် လုပ်ငန်းရှင်များ စုပေါင်း လှူဒါန်းငွေ (၂,၅၈၀,၀၀ဝ/-)ကျပ်၊ ဇန်နဝါရီ (၂၇) ရက်နေ့အထိ မြန်မာ့စီးပွားရေးဘဏ်သို့ လှူဒါန်းငွေ စုစုပေါင်း (၃,၅၂၄,၂၅ဝိ/-) ကျပ်ကိုနေပြည်တော်ဘဏ်ခွဲရှိ ကိုဗစ်-၁၉ ကာကွယ်ရေး ဆေးဝယ် ယူရရှိရေး ရန်ပုံငွေစာရင်းအမှတ်(OA-013733) သို့ ပေးပို့လှူဒါန်းခဲ့ရာ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်မှ လှူဒါန်းငွေများကို ငွေလွှဲခဝန်ဆောင်မှု အခမဲ့ဖြင့် နေပြည်တော်ဘဏ်ခွဲသို့ ပေးပို့လှူဒါန်းခဲ့ကြောင်း မြန်မာ့ စီးပွားရေးဘဏ် တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
သင်းသင်းဝေ(နတ်မောက်)