ပုလောမြို့နယ် လိပ်သောင်ကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေး အန္တရာယ်များ အကြောင်းသိရှိစေရန်အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်

ပုလော    ဇန်နဝါရီလ    ၂၈

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ် ရုံးမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ပူးပေါင်း၍ လိပ်သောင် ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် နှင့် သဘာဝဘေးအန္တရာယ်များ အကြောင်းသိရှိစေရန် အသံချဲ့စက်ဖြင့် ယမန်နေ့ နံနက်ပိုင်းက လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် လိပ်သောင် ကျေးရွာအုပ်စုအတွင်းရှိ လိပ်သောင်၊ လယ်ထဲ၊ လယ်ဖက်၊ ဘိုတောင်‌ဆိပ်၊ အုန်းတော ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေးနှင့် ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများတိကျစွာ လိုက် နာနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး ကြေငြာချက်များဖြစ်သည့် လူစု၊ လူဝေးသွားရောက်ခြင်း၊ရှောင်ကြဉ်ကြရန် ၊ ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း Mask များ မဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောသန့်စင်ကြရန် စသည့် ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများသိရှိစရေန်နှင့် သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်ဆက်)