ကျိုက်ဒုံမြို့ ဘုရင့်​နောင်လမ်းဘေးရေမြောင်း အဖုံးပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်

ကျိုက်ဒုံ ဇန်နဝါရီလ ၂၈

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဏာနှစ် ပြည်နယ်ဘတ်ဂျက်ငွေ လုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၂.၂၅၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ ဘုရင့်နောင်လမ်း​ဘေး အမှတ်-၂၊ ၃၊ ၄ရပ်ကွက်ရှိ လမ်းဘေးရေမြောင်းအဖုံး ပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက် လျက်ရှိရာ ရေမြောင်း​ပေအရှည် (၄၀၀၀)ပေ၊ အကျယ်(၃)ပေ၊ (၃)လက်မထုရှိပြီး ကျိုက်ဒုံမြို့ စည်ပင်သာယာ​ရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျိုက်ဒုံမြို့ဘုရင့်နောင်လမ်း​ဘေး​ ရေ​မြောင်းကို(၂၀၁၉-၂၀၂၀)ဘဏ္ဏာနှစ်က မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ကျိုက်ဒုံမြို့ စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်