သံတောင်ကြီးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအားထောက်ပံ့ငွေပေးအပ်

သံတောင်ကြီး   ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ပထမသုံးလပတ် အတွက် (MCCT)အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များ နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ငွေများကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်း နှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် အိမ်တိုင်ရာအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကျန်းမာသန်စွမ်းသော ကလေးငယ်များ မွေးဖွား စေရန် ၊အာဟာရပြည့်ဝသော အစားအစာများဝယ်ယူစားသောက်နိုင်ရန်၊ ကျန်းမာရေးဆိုင်ရာ လိုအပ်သောအရာများ ဝယ်ယူနိုင်ရန် ၊ ကလေးငယ်များအတွက် တစ်ကိုယ် ရေးအသုံးအဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ  ဒေါ်ခင်ခင်ထွန်းထံကသိရသည်။

အဆိုပါ သံတောင်ကြီးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး (၁၀၉၁)ဦး နှင့် အသက်(၂)နှစ် အောက်ကလေးငယ်(၃၇၇၄)ဦး အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၀၆၉၀၀၀၀) ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်