မြောင်းမြ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက ပဉ္စမအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး ယခင်ထောက်ပံ့ကြေး ပေးရာတွင် ကျန်ရှိနေသူများအား ပေးအပ်ရန်၊ အခြေခံ လူတန်းစားများတွင် ထောက်ပံ့ငွေ ရရှိသင့်သူများ မကျန်ရှိစေရန်နှင့် ၎င်းတို့အား လက်ဝယ်အရောက် ပေးအပ်ရန် ပြောကြားခဲ့သည်။
ထို့နောက် မြောင်းမြမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၆၅၈၂)အတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ ငွေကျပ်(၂ဝဝဝဝ)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၃၁၆၄၀၀၀၀)ကို မြို့ပေါ် (၁၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၈)အုပ်စုတို့သို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဇေဇေမောင်(ပြန်/ဆက်)