လဟယ် ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ဒို့ညီနောင် ကျန်းမာရေးပံ့ပိုးကူညီမှု အသင်းမှ လဟယ်ပြည်သူ့ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၀) နာရီ အချိန် လဟယ်ပြည်သူ့ဆေးရုံတွင် ထောက်ပံ့ ပေးအပ်ပွဲကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
ထိုသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ဒို့ညီနောင်ကျန်းမာရေးပံ့ပိုးကူညီမှုအသင်းမှ အသင်းသူအသင်းသား များမှ အောင်ဆီဂျင်စလင်ဒါအိုးကြီး(၂)လုံး၊ မီးအားမြင့်စက် (၁)စုံအောက်ဆီဂျင်ခေါင်း၊ ခွဲခန်းသုံးပစ္စည်း၊ ကလေးမီးချောင်းသုံးပစ္စည်း စုစုပေါင်းပစ္စည်းတန်ဘိုး (၁၂၉၀၀၀)ထောက်ပံ့ကာ မြို့နယ်ဆရာဝန် ဒေါက်တာ ဟန်ဝင်းအောင် လက်ခံခဲ့ကြောင်း သိရှိရသည်။
ပါမင်းလိုင် (ပြန်/ဆက်)