ပေါက်ခေါင်း ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်း မြစိမ်းရောင် စံပြကျေးရွာ ရွေးချယ်ရန် ပြည်ခရိုင် ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်စံပြကျေးရွာ ရွေးချယ်ရန်အတွက် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးနှင့် မြစိမ်းရောင် ကော်မတီဝင်များ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဦးစီးမှူး ဦးဌေးဇော်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ လိုက်ပါ၍ စံပြကျေးရွာအတွက် သတ်မှတ်ထား သော အမှတ်ပေး စည်းမျဉ်း များနှင့်အညီ ကွင်းဆင်းရွေးချယ်ခဲ့ရာ ညောင်ပင်အင်းကျေးရွာရှိ မြစိမ်းရောင်ချေးငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး လုပ်ငန်းများနှင့် အရောင်းအဝယ် လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး စံပြကျေးရွာ ဆုရွေးချယ်ခြင်းနှင့် ပတ်သက်၍ ကျေးရွာစီမံကိန်း ကော်မတီဝင်များအား ရှင်းလင်းပြောကြား၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရ သည်။
သန်းထွန်းအောင်(ပြန်/ဆက်)