ပုလော ဇန်နဝါရီလ ၂၈
တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်၊ ပုလောမြို့၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ် ရန် အတွက် အဖွဲ့ဝင်(၅) ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကို ယမန်နေ့ နေ့လယ် (၂)နာရီက စတင်၍ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် ဖွဲစည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေးအတွက် ပုလောမြို့ နယ် ဌာနဆိုင်ရာပူးပေါင်းရေးအဖွဲ့ မှ ယာယီရဲမှူး ခင်မောင်ဆန်း က ရွေးချယ် ဖွဲ့စည်းခြင်း ဆိုင်ရာဥပဒေ နည်းပဒေများနှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရွေးချယ် ဖွဲ့စည်း ပေးခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးအသစ်များကို ၂၀၂၁ခုနှစ် ၊ ဧပြီလ(၁)ရက်နေ့တွင် စတင်ဝန်ထမ်းဆောင်နိုင်ရေးအတွက် စတင်တာဝန်ထမ်းဆောင်နိုင်ရေး အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းလုပ်ငန်းဆောင်ရွက် ရန်ရွေးချယ် ခြင်း လုပ်ငန်း ဆောင်ရွက်ရန် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ရပ်ကွက်(သို့)ကျေးရွာ အုပ်ချုပ်ရေး ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေနှင့်အညီ သတ်မှတ် ကာလအတွင်းအပြီး သတ်မှတ်ကာလအတွင်း အပြီး ရွေးချယ်ဖွဲ့စည်းပေးမည် ဖြစ် ကြောင်းကို တာဝန်ရှိသူများထံမှ သိရသည်။တာဝန်ရှိသူများထံမှ သိရသည်။
အေးအေးမော် (ပုလော-ပြန်ဆက်)