ပေါက်ခေါင်း ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covisheld ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများကို ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ဆေးရုံများ၊ ကျေးလက် ကျန်းမာရေးဌာနများမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း(၁၈၇)ဦးကို ယနေ့ နံနက်မှ စတင်၍ ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။
သန်းထွန်းအောင်(ပြန်/ဆက်)