ဘောဂလိ ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ဘောဂလိမြို့တွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း ကို ယနေ့နံနက်ပိုင်း၌ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် ဘောဂလိမြို့ အုပ်ချုပ်ရေးမှုး ဦးစောဘိုဘိုကျော်မှ သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ငွေများ ပေး အပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ရပ်ကွက်နှင့် ကျေးရွာအတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း ထောက်ပံ့ငွေများ လိုက်လံ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
ဘောဂလိမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၁၃၁)ဦးနှင့် အသက်(၂)နှစ်အောက် ကလးငယ် (၄၈၄)ဦး အတွက် စုစုပေါင်း ထောက်ပံ့ငွေမှာ ကျပ် (၂၆၄၄၅၀၀၀) ဖြစ်ကြောင်း သိရှိရသည်။
ဘောဂလိ(ပြန်/ဆက်)