လှိုင်းဘွဲ ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးငယ်များအား ပထမ(၃) လပတ် ( MCCT ) အကျိုး ခံစားခွင့်ရှိသူများ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က သမ္ဘာန်ကျေးရွာ နှင့် နောင်သငဲ့ကျေးရွာတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ် လွှတ်တော်ဉက္ကဌ ဦးစောချစ်ခင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေး ဦးတင်ဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်နှင့်တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် (MCCT)အကျိုးခံစားခွင့်ရှိသော သမ္ဘာန်ကျေးရွာတွင် အကျိုးခံစားခွင့်ရှိသူ ကလေး(၄၀)ဦး၊ မိခင်(၁၇)ဦး၊ သပုထိုကျေးရွာတွင် ကလေး(၂၄)ဦး၊မိခင်(၅)ဦး စုစုပေါင်း ကလေး(၆၄)ဦးနှင့်ကိုယ်ဝန်ဆောင်မိခင် (၂၂)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၆၇၅၀၀၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)