လှိုင်းဘွဲ ဇန်နဝါရီ ၂၈
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူမှုန်ဝန်ထမ်းဦးစီးဌာမှ ထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် အကျိုးခံစားခွင့်ရှိ သည့် အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေး ဦးတင်ဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်နှင့်တာဝန်ရှိသူများက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အနေဖြင့် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် သမ္ဘာန်ကျေးကျေးရွာတွင် အသက်(၈၅)နှစ်အထက် အဘိုး(၁)ဦးနှင့်အဘွား(၄)ဦး၊ နောင်သငဲ့ကျေးရွာတွင် အဘိုး(၂)ဦးနှင့် အဘွား(၄)တို့ကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လပတ်အတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)