ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၂၈

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကာကွယ်ဆေးထိုးနှံခြင်းညွှန်ကြားချက်များနှင့် အညီ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကာကွယ်ဆေးရရှိနိုင်မှုအပေါ်မူတည်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးစားပေးအု ပ်စု များအလိုက် ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်အရ ပထမအကြိမ်အဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂၅)လုံးရရှိခဲ့ပြီး ကာကွယ်ဆေး(၁)လုံးလျင် လူဦးရေ (၁၀)ဦးခန့်ထိုးနှံနိုင်ကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်ချက်များအတိုင်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် အသက်(၁၈)နှစ်ပြည့်ပြီးအထက် လူဦးရေစာရင်းများကို စာရင်းကောက်ယူပြုစုလျက်ရှိကြောင်းသိရသည်။

မျိုးမင်းဦး ပြန်/ဆက်