သံတောင်ကြီး ဇန်နဝါရီ ၂၈
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်း(၂၁၉)ဦးအားယမန်နေ့ နေ့လည်(၂)နာရီအချိန်က သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ့ပေးရာတွင် ပထမအကြိမ်အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်ရှိမြို့နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန မှ ဆရာဝန်များ နှင့် ကျန်းမာရေး ဝန်ထမ်း(၂၁၁)ဦး ၊ တိုင်းရင်းဆေးဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ ဝန်ထမ်း(၄)ဦးစုစုပေါင်း (၂၁၉)ဦး အား စတင်ထိုးနှံပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ဒေါက်တာစည်သူစန်းက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများအား ကိုယ်အပူချိန်တိုင်းပေးခြင်း ၊ သွေးပေါင်ချိန်တိုင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာအချက်အလက်များကို မေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးပြီး ကာကွယ်ဆေးထိုးနှံ ပေးပြီးသူများ အား မိနစ်(၃၀)အကြာ စောင့်ကြည့်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)