ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာများအား အသိပညာပေးလှုံ့ဆော်၍ Mask များဖြန့်ဝေ

တနင်္သာရီ ဇန်နဝါရီ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် ကိုဗစ်-၁၉ အဆုတ်ရောင်ရောဂါကူးစက်ပျံ့နံ့မှု ကာကွယ်ထိန်းချု်ပရေးဆိုင်ရာ နည်းလမ်းများကို  ဒေသခံပြည်သူများက ကျယ်ကျယ်ပျံ့ပျံ့သိရှိပြီး သတိရှိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် ယမန်နေ့ ည၇နာရီအချိန်မှစ၍ ချောင်းကြီးရပ်ကွက်နှင့်ချောင်းငယ်ရပ် ကွက်အတွင်း မြို့တွင်းလမ်းများအတိုင်း လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေး လှုံ့ဆော်ပေးရင်းဖြင့်

ပါးစပ်နှင့်နှာခေါင်းစည်း Mask များ၊ ပညာပေးပိုစတာများကို အခမဲ့ဖြန့်ဝေပေးကြောင်းသိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းနှင့်ဝန်ထမ်းများ၊ ချောင်းကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးတိုးဝင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ နမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာနည်းလမ်းများ၊ ဖြစ်နိုင်ရင်အိမ်ထဲမှာနေကြရန်၊ မဖြစ်မနေ အိမ်အပြင်သို့ထွက်ပါက နှာခေါင်းနှင့်ပါးစပ်စည်း Mask တပ်ပြီးမှထွက်ရန်၊ လူစုလူဝေးရှောင်ကျဉ်ခြင်းဖြင့် ကြိုတင်ကာကွယ်မှုအားပူးပေါင်းကြပါရန် လက်ကိုင်အသံချဲ့စက် ဖြင့်လှုံ့ဆော်ကြော်ငြာပေးပြီး လူအသွားအလာများသည့် တနင်္သာရီတံတားထိပ်နေရာမှာ ခရီးသွားပြည်သူများအား Maskများ နှင့်အသိပညာပေး ပိုစတာငယ်များကို အခမဲ့ဖြန့်ဝေပေးကြောင်း မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)