ရေစကြို ဇန်နဝါရီ ၂၇
ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများကို ရေစကြိုမြို့ ပြည်သူ့ဆေးရုံတွင် ပထမအကြိမ် စတင်ထိုးနှံပေးခဲ့သည်။
အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများကို ယနေ့မှစတင်၍ ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
နွယ်နွယ်အောင်( ပြန်/ ဆက်)