ကျောင်းကုန်းမြို့ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ကျောင်းကုန်း  ဇန်နဝါရီ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့​ဆေးရုံတွင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး  ပထမအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစတင် ထိုးနှံပေးခဲ့သည်။

COVID-19 ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၂၆၃)ဦး၊ တိုင်းရင်းဆေးဦးစီးဌာနမှ (၃)ဦးနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှ(၃)ဦး၊ စုစုပေါင်း(၂၆၉) ဦးတို့အား စုရပ်(၁) ဒေါ်သန်းတင်ခန်းမနှင့် စုရပ်(၂)အစည်းအဝေးခန်းမတို့၌အဖွဲ့(၄)ဖွဲ့ခွဲကာ ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသူများအား (၂၈)ရက်အကြာတွင် ဒုတိယအကြိမ်ထပ်မံထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)