သာပေါင်း ဇန်နဝါရီ ၂၈
သာပေါင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာ ရီခွဲ အချိန်ခန့်မှစတင်၍ ထိုးနှံပေးခဲ့သည်။
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာ၀င်းမီမီခိုင်နှင့် လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာပပဟန်အောင်တို့ ကိုယ်တိုင်လာရောက်ထိုးနှံမှု ခံယူကြပြီး ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများလိုက် လံကြီးကြပ်ကြည့်ရှုစစ်ဆေးပေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်သူနာပြုအဆင့် ( ၁ ) ဆရာမကြီးဒေါ်တင်တင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနဝန်ထမ်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနဝန်ထမ်း စုစုပေါင်း (၃၅) ဦးတို့အား ကနဦးထိုးနှံပေးခဲ့ကြပြီး ဆက်လက်၍ သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ကျန်ရှိကျန်းမာရေးဝန်ထမ်း(၁၈၆) ဦးတို့အား နံနက် ၈:၃၀ အချိန်မှစတင်၍ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး သာပေါင်းမြို့နယ်အတွက် အိန္ဒိယနိုင်ငံမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပုလင်း (၂၅ ) လုံးရရှိခဲ့ပြီး တစ်ပုလင်းလျှင် (၁၀) ဦး ထိုးနှံနိုင်ကြောင်း သိရသည်။
မျိုးဇော်သိန်း၊ သာပေါင်း(ပြန်/ဆက်)