ကောလင်းမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

ကောလင်း ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(COVISHIELD) ထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်၉နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ တွင် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးစတင်ထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ကောလင်း မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်း (၁၅၂)ဦး၊ မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး စုစုပေါင်း(၁၅၄)ဦးအား စတင်ထိုးနှံပေးခဲ့ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို ရက်သတ္တပတ်(၄)ပတ်ခြား၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကောလင်းမြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မိုးဆွေထံမှ သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)