ကျောက်ကြီး ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက် အနော်ရထာလမ်းရှိ မြို့တွင်းဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်အချိန်က ကရင်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(Karen Development Net Work)(KDN) နှင့် ယိုတာနီတာ (The Johanniter International Assistance) အဖွဲ့ အစည်းတို့ ပူးပေါင်း၍ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ် အတွင်းရှိ မြေမြှုပ်မိုင်းဒဏ်ခံရသည့် ဒေသခံ ပြည်သူအချို့အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး စားရိက္ခာများ ထောက်ပံ့ပေးခဲ့သည်။
ကျောက်ကြီးမြို့နယ်တွင် (Karen Development Net Work)(KDN) စီမံကိန်းကို၂၀၁၅ ခုနှစ် အောက်တိုဘာလမှ စတင်ဆောင်ရွက် လာခဲ့ခြင်းဖြစ်ပြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၄၇)ရွာနှင့် ရွှေကျင်မြို့နယ်မှ ကျေးရွာ(၁၃)ရွာ စုစုပေါင်း(၆၀)ရွာမှ မြေမြှုပ်မိုင်း ဒဏ်ခံရသည့် ဒေသခံပြည်သူများအား စားသောက်ရေး အခက်အခဲမဖြစ်စေရန် (Karen Development Net Work) (KDN) စီမံကိန်းမှ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ယခုအချိန် သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ဖြစ်၍ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင် မြို့နယ်အတွင်းရှိ ကျေးရွာ (၆၀)မှ လူဦးရေ(၃၉၇)ဦးအား စားရိက္ခာများဖြစ်သော ဆန်၊ ဆီနှင့် အခြား လိုအပ်သည့် စားသောက်ကုန်များအား လာရောက်ထောက်ပံ့ပေး ခြင်းဖြစ် ကြောင်း (Karen Development Net Work) (KDN) စီမံကိန်းမန်နေဂျာ နော်ဆာရယ်ထူးမှ ပြောကြားခဲ့ ကြောင်း သိရသည်။
K ခိုင် ပြန်/ဆက်