အင်းတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

အင်းတော် ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက အင်းတော်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမားရေးဝန်ထမ်းများအား စတင်ထိုးနှံပေး ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက် ရှိ အင်းတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်း စုစုပေါင်း (၁၂၀)ဦးတို့အား ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာကျော်ကျော်ဇင် ထံမှ သိရသည်။

ခန့်ဇော်ပိုင် (ပြန်/ဆက်)