ဆားလင်းကြီး ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး တွင် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆားလင်းကြီးမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာနရှိ ကျန်းမာရေးဝန်ထမ်း(၁၈၂)ဦး၊ အာကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ မြို့နယ် တိုင်ရင်းဆေးကုဌာနမှ ဝန်ထမ်း(၃)ဦး စုစုပေါင်း(၁၈၈)ဦးတို့အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဘေးကင်းစွာဆောင်ရွက်နိုင်ရန်အတွက် ကာကွယ် ဆေးဆိုင်ရာ အကြောင်းအရာများ၊ ကာကွယ်ဆေးသိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန်ပစ်ပစ္စည်းများစီမံခန့်ခွဲခြင်း၊ ကာကွယ်ဆေးမထိုးသင့်သူများနှင့် ကာကွယ်ဆေး ထိုးပြီး နောက်ဆက်တွဲပြဿနာများကို စောင့်ကြည့်စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ကာကွယ် ဆေးထိုးနှံခြင်းနှင့်ပတ်သတ်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုခြင်း စသည့် အချက်များကို ကျန်းမာရေးဦးစီးဌာနက အွန်လိုင်းမှတစ်ဆင့် သင်တန်းပို့ချပေးခဲ့ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။
ဥမ္မာခိုင်(ပြန်/ဆက်)