ဇလွန် ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင်ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ စတင်ထိုးနှံပေးလျက်ရှိသည်။
ဇလွန်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်းမာရေးဝန်ထမ်း (၂၂၃) ဦးရှိရာ ယနေ့တွင် ကျန်းမာရေးဝန်ထမ်း (၁၀၀) ဦးကို စတင်ထိုးနှံပေးမည်ဖြစ်ပြီး ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ဝေယံ-ဇလွန် (ပြန်/ဆက်)