ဓနုဖြူမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ပထမကြိမ်စတင်ထိုးနှံ

ဓနုဖြူ ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၈ နာရီမှစတင်၍ ပထမကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။

ဓနုဖြူမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၂၁၂)ဦးတို့အား (၂)ရက်ကြာ ထိုးနှံသွားမည်ဖြစ်ပြီး ပထမအကြိမ် ထိုးနှံပြီးသူများအနေဖြင့် ထိုးနှံပြီး (၂၈)ရက်အကြာ၌ ဒုတိယအကြိမ် ထပ်မံထိုးနှံရမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)