ဖျာပုံ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဌေးဝေ ဦးဆောင်၍ မီးလောင်မှုများ ဖြစ်ပွားလာပါက စနစ်တကျမီးငြှိမ်းသတ် နိုင်ရေး ရေဆင့်ကဲပေးပို့ခြင်းနှင့် မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ဖျာပုံမြို့နယ် မီးသတ်ဦးစီးဌာနရုံးဝန်းတွင် ပြုလုပ်ကြသည်။
အဆိုပါ မီးဘေးသရုပ်ပြလေ့ကျင့်ရခြင်းနှင့်ပတ်သက်၍ ဖျာပုံခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဌေးဝေက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားရုတ်တရက်ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များတွင် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့မီးဘေးသရုပ်ပြလေ့ကျင့်ရာတွင် ခရိုင်ဦးစီးမှူးဦးဌေးဝေနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၇)ဦးတို့မှ မီးငြှိမ်းသတ်ယာဉ်(၄)စီးတို့ဖြင့် ရေဆင့်ကဲပေးပို့ခြင်းနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများကို လေ့ကျင့်ဆောင်ရွက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)