ဓနုဖြူမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် ရွေးချယ်ဖွဲ့စည်းထားသည့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး

ဓနုဖြူ ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ရွေးချယ်ဖွဲ့စည်းထားသည့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှင်းလင်းဆွေးနွေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆယ်အိမ်စု၊ ရာအိမ်စုများဖွဲ့စည်းခြင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံများ ရွေးချယ်ခြင်း၊ အုပ်ချုပ်ရေးမှူးလောင်းအမည်စာရင်းပြုစုခြင်းနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း စသည့် ကြီးကြပ်ရေးအဖွဲ့၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းပြီးသည့် ရပ်ကွက်၊ ကျေးရွာ (၉)ခုမှ အုပ်ချုပ်ရေးမှူးများ၊  ရပ်/ကျေးစာရေးများနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ဇန်နဝါရီလ ၂၇ရက်နေ့မှ ဖေဖော်ဝါရီလ ၅ ရက်နေ့ထိ ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)