ပေါင်းတည် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ ကျန်းမာရေး ဝန်ထမ်းများအား စတင်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး အစီအစဉ်တွင် COVISHIELD ကာကွယ်ဆေးကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးမင်းက ကာကွယ်ဆေးစတင်ထိုးနှံမှု ခံယူပြီးနောက် မြို့နယ်အတွင်း ကုသရေးဦးစီးဌာနအောက်ရှိ မြို့နယ်နှင့် တိုက်နယ် ဆေးရုံမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်း များ၊ အားကစားနှင့်ကာယပညာ ဦးဌာနဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့ အစည်း အဖွဲ့ဝင်များ၊ စုစုပေါင်းဦးရေ (၂၀၆)ဦးကို ယနေ့မှ (၂၉)ရက်နေ့ထိ (၃)ရက် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)