ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေး

ရေတာရှည် ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းကစတင်၍  မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်း​ဆေးပညာဦးစီးဌာနမှ ဝန်ထမ်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း ၁၆၈ ဦးတို့အား မြို့နယ်ပြည်သူ့​ဆေးရုံ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့​ကြောင်း သိရသည်။

ကာကွယ်​ဆေးအား ကိုယ်ဝန်​ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် ကိုဗစ်-၁၉ ရောဂါပိုး​ရှိသည့် လူနာများအား ထိုးနှံ​ပေး၍ မရ​ကြောင်းနှင့် အ​ရေး​ပေါ်အ​ခြေအ​နေအတွက် ကယ်ဆယ်​ဆေးများ အရန်သင့်ပြင်ဆင်ထားရှိ​ပြီး ကာကွယ်​ဆေးထိုးနှံပေးပြီးနောက် နာရီဝက်ခန့် စောင့်ကြည့်ပြီးမှ ပြန်လွှတ်​ကြောင်း ထူးထူးခြားခြား ကြုံ​တွေ့ရမှုများမရှိ​ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ နန္ဒာညီ​ဆွေမှ​ ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးအား ယနေ့ထိုးနှံ​ပေးပြီးနောက် တစ်ကြိမ်နှင့် တစ်ကြိမ် ရက်သတ္တပတ် (၄)ပတ်ခြား၍ ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆု(ပြန်/ဆက်)