အင်္ဂပူ ဇန်နဝါရီ ၂၇
စိုက်ပျိုးရေး၊မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊အင်္ဂပူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ယမန်နေ့နံနက်၉နာရီက မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့်သုံးသပ် ဆွေးနွေးပွဲပြု လုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ ်ဦးဗိုလ်ဗိုလ်ဇင့်နှင့်မြိုနယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်တို့က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဌ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အကောင်းဆုံးကျေးရွာ (၁၄)ရွာအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ဇင်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် တက်ရောက် လာသော မြစိမ်းရောင်ကျေးရွာစီမံ ကိန်းကော်မတီဝင်များမှ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု နှင့်ပတ်သက်သည့်အား နည်းချက်အားသာချက်များ အားအုပ်စုဖွဲ့ ဆွေးနွေးခဲ့ပြီး မြို့နယ်မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဌ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
အင်္ဂပူမြို့နယ်တွင်မြစိမ်းရောင်ကျေး ရွာစီမံကိန်းကျေးရွာ ၁၁၃ရွာယူနစ်၇၆ယူနစ်ရှိပြီး အဆိုပါကျေးရွာများမှစီမံကိန်းလုပ် ငန်းများအကောင်အထည်ဖော်ဆောင်နိုင်မှုနှင့်လုပ်ငန်း များဆောင်ရွက်ရာတွင်ကြုံတွေ့ရသည့် အခက်အခဲများ အားနည်းချက်၊ အားသာချက်များအား သုံးသပ်ဆွေးနွေးခဲ့ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးမှသိရသည်။
မန်းကျော်(ပြန်/ဆက်)