သံတောင်ကြီး ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပထမ(၃)လပတ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ အသက်(၁၀၀)နှစ် နှင့် အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်များပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သံတောင်မြို့ ရပ်ကွက်(၄)ရပ်ကွက်တွင် အိပ်တိုင်ရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သံတောင်မြို့ရပ်ကွက်(၄)ရပ်ကွက်ရှိ လူမှုရေး ပင်စင်ရရှိသူ အသက်(၈၅)နှစ် နှင့် အထက်အဘိုးအဘွား(၂၆)ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)၊ အသက်တစ်ရာနှစ် နှင့် အထက်အဘိုးတစ်ဦးအား လူမှုရေးပင်စင် နှင့် ထပ်ဆောင်းထောက်ပံ့ငွေ ကျပ်(၆၀၀၀၀)တို့ကိုအိမ်တိုင်ရာ အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ သံတောင်တောင်ကြီးမြို့နယ်တွင် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား (၂၀၂)ဦး၊ အသက်(၁၀၀)နှစ်နှင့်အထက် လူမှုရေးပင်စင်နှင့်ထပ်ဆောင်း ထောက်ပံ့ငွေအကျိုးခံစားခွင့်ရှိသူအဘိုးအဘွား(၆)ဦးရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)