နတ်မောက်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ

နတ်မောက်  ဇန်နဝါရီ    ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား မြို့နယ်ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမတွင် ယနေ့ နေ့လည် ( )နာရီမှစတင်၍ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးများကို ပထမကြိမ်စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်

ထိုသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဝင်းစည်သူမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း များအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန( ပြည်သူ့ကျန်းမာရေးဦးစီးဌာန + ကုသရေးဦးစီးဌာန ) (၂၅၇)ဦး၊ တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း() ဦး၊  အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်း()ဦး၊  စုစုပေါင်း(၂၆၃ )ဦးတို့အား( ) ရက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် အိန္ဒိယနိုင်ငံမှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIEND) အလုံးရေ (   ၂၉   )လုံး ရရှိပြီး တစ်လုံး လျှင် လူ( ၁၀ ) ဦးထိုးနှံ နိုင်ကြောင်းလည်း သိရသည်။  

မူမူစန်း (နတ်မောက်)