ဖြူးမြို့နယ် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် သံဃာဆောင်ပန္နက်တင်ပွဲ အခမ်းအနားကျင်းပ

ဖြူး ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် ယမန်နေ့ ညနေ ၄ နာရီ ခွဲအချိန်တွင် သံဃာဆေးကုသဆောင်ကြီး မြေသန့်နှင့် ပန္နက်တင်မင်္ဂလာအခမ်း အနား ကျင်းပခဲ့သည်။

အဆိုပါ သံဃာဆေးကုသဆောင်ကြီး မြေသန့်ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဖြူးမြို့ရွှေကျင် တောင် ဆရာတော် ကြီးအမှူးပြု၍ သံဃာတော်များ၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ တတ်ရောက်ခဲ့သည်။ ထို့နောက် သံဃာဆေးကုသဆောင်ကြီးကို ဆောက်လုပ်ရန်အတွက် ဖြူးမြို့ရွှေကျင်တောင်ဆရာတော်ကြီး ဘန္ဒတစိန္တိတာ ဘိဝံသ (နိုင်ငံတော်ဗဟို ဝန်ဆောင် အဂ္ဂမဟာဂန္တာဝါစကပဏိ္ဏတ)နှင့် တပည့် ဒါယကာ၊ ဒါယိကာမများမှ အလှူငွေကျပ်သိန်း(၁၀၀)၊ မြစိမ်းတောင်ဆရာတော်မှ ငွေကျပ်(၅)သိန်း၊ ဒေါက်တာဦးမောင်မောင်ဖြူး အသင်းဥက္ကဌ (AsiaExpressGroup)-အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ)နှင့်ဇနီး ဒေါ်သက်သက်ခိုင် (သီရိသုဓမ္မသိင်္ဂီ) မိသားစုမှ အလှူငွေကျပ်သိန်း(၅၀) ကျပ်တို့ကို မတည်လှူဒါန်းခဲ့ပြီး အဆောက် အဦမှာ (၆၀x၆၀)ပေ RC တစ်ထပ် ဆောက်လုပ်မည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဦးသီဟမင်းသိန်းထံမှ သိရသည်။

ဖြူး(ပြန်/ဆက်)