မင်းလှ ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မင်းလှမြို့အတွင်း တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၁၃၀)ဦးကို ပထမအကြိမ် ထိုးနှံပေးခဲ့သည်။ ဆက်လက်၍ နေ့လယ်ပိုင်းတွင် မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း(၃)ဦးနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်း(၂) ဦးတို့အား ပထမအကြိမ် ထိုးနှံပေးခဲ့သည်။
မင်းလှမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများ စုစုပေါင်း (၁၃၅)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး နောက်ထပ် (၂၈) ရက်အကြာ၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထပ်မံထိုးနှံပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ လှဝင်းထံမှ သိရသည်။
ပေါက်စ မင်းလှ