တောင်တွင်းကြီး ဇန်နဝါရီ ၂၇
တောင်တွင်းကြီးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့ နေ့လယ် (၁)နာရီက တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက် (၁၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၂)အုပ်စုရှိပြီး မြို့နယ်အတွင်း တာ၀န် ထမ်းဆောင်နေသော ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ် တိုင်းရင်းဆေး၀န်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၀န်ထမ်းများအား တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် နေရာ(၃)နေရာခွဲ၍ ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အေးမိုးမိုးမြင့်