ကလေးဝ ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရာဂါ ကာကွယ်ဆေးထိုးခြင်းအား မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ နံနက် ၁၀ နာရီက စတင်၍ ထိုးပေးခဲ့သည်။
ကလေးဝမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၃၉ အုပ်စုရှိပြီး မြို့နယ်အတွင်း တာဝန်ထမ်း ဆောင်နေသော ကျန်းမာရေးဝန်ထမ်း ၉၅ ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း ၄ ဦး စုစုပေါင်း ၉၉ ဦးအား ပထမအကြိမ် ထိုးပေးခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)