ကော့သောင်း ၊ ဇန်နဝါရီ ၂၇
ပင်လယ်ရေထွက်သယံဇာတ ထိန်းသိမ်းရေးနှင့် ရေရှည်ထုတ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်ကာ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနဝန်ထမ်းများမှ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ ဒီရေတောအတွင်းသို့ ဂျင်းခရုမျိုးများစိုက်ထည့်ပေးသည့်လုပ်ငန်းများကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပင်လယ်ရေထွက်ပစ္စည်းများ ရေရှည်စားသုံးနိုင်ရေးနှင့် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးအတွက် ပင်လယ်ကမ်းရိုးတမ်းဒေသများဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ နှင့်ရခိုင်ပြည်နယ်များ၏ မြို့နယ်များတွင် ရေသတ္တဝါအမျိုးအစားအလိုက် မျိုးပွား ရာသီ(Close Season)သတ်မှတ်တားမြစ်ခြင်း၊ ငါးမဖမ်းရ ရာသီသတ်မှတ်တားမြစ်ခြင်း၊ ရှပ်ခရု( Hard Clan ) ကောက်ယူခြင်းမပြုရ ရာသီသတ်မှတ်တားမြစ်ခြင်း၊ ဂဏန်းဘေးမဲ့ဇုံများ၊ ကျောက်ပုစွန်ဘေးမဲ့ဇုံများသတ်မှတ် တားမြစ်ခြင်းနှင့်ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းများဖြင့် ပင်လယ်သဘာဝရေသယံဇာတများအား ထိန်းသိမ်းလျှက် ရှိရာ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှုအဖြစ် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက ဂျင်းခရု (၁၀) ကီလိုခန့်အား မျိုးစိုက်ထည့်ပေးခဲ့ကြခြင်းသည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလအတွင်း အသေးစားရေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ပြည်ပသို့ တရားဝင်တင်ပို့ရောင်းချနိုင်မည့် တရားဝင်တင်ပို့ခွင့်ပြုရာ ကော့သောင်းနယ်စပ်ဂိတ်မှ တဆင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့များမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ဂျင်းခရု၊ ကဏန်း၊ အေးခဲကင်းမွန် စသည့်ရေထွက်ကုန်များအားမ ော်တော်ယာဉ်များဖြင့် ကော့သောင်းမြို့သို့ သယ်ယူကာ ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကော့သောင်းမြို့မှတဆင့် ထိုင်းနိုင်ငံဈေးကွက်သို့ တရားဝင်တင်ပို့ရောင်းချလျှက်ရှိကြောင်းလည်းသိရသည်။
ကျော်စိုး (ကော့သောင်း)