မကွေး ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးက ကျန်းမာရေး ဝန်ထမ်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေပြီ ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ ကျန်မာရေးဝန်ထမ်း(၇၀၀)ကျော်ရှိပြီး (၃)ရက်အတွင်းအပြီး ထိုးပေး မှာ ဖြစ်ပါတယ်၊ လူတစ်ဦးကိုထိုးရမယ့် ဆေးနှုန်းပမာဏ(.5 CC)ပါ၊ ဆေးတစ်လုံးကို လူ(၁၀)ဦး နှုန်း ထိုးနှံပေးမှာဖြစ်ပါတယ်၊ ဆေးထိုးပေးမယ့် ဆရာမတွေကိုလည်း အွန်လိုင်းကနေ သင်တန်း(၄) ရက် ပေးထားပါတယ်၊ ကာကွယ်ဆေးထိုးပေးမယ့် နေရာက နှစ်နေရာခွဲထားပြီး ထိုးပေးပါတယ်၊ ဆေးထိုးပီး သွားသူတွေကို နာရီဝက်စောင့်ကြည့်ဖို့လည်း စီစဉ်ထားတယ်လို့ မကွေးတိုင်းပြည့်သူ့ ဆေးရုံအုပ် ဒေါက်တာဒေါ်ဇင်မင်းဖွေးက ပြောကြားခဲ့သည်။
မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးတွင် ဦးစားပေးအနေနဲ့(၃)ရက်အတွင်း ကျန်းမာရေးဝန်ထမ်းများကို ထိုးပေးသွားမည်ဖြစ်ပြီး၊ တိုင်းဒေသကြီးမှ ကာဝန်ရှိသူများ၏ တာဝန်ပေးချက်အရ တိုင်းရင်း ဆေး၊ သူနာပြု သင်တန်းကျောင်း၊ FDA အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးနှင့် အား/ကာ ဝန်ထမ်း များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး သွားမည်ဖြစ်ကြောင်းနှင့် မကွေးမြို့ပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးနေမှုကို မကွေးတိုင်းပြည်သူဆေးရုံကြီး၊ မကွေးပညာရေးကောလိပ် Quarantine စင်တာနှင့် မြို့နယ်ကျန်းမာရေးဌာနများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)