ပန်းတောင်းမြို့နယ် သီးကုန်း မြစိမ်းရောင် စံပြကျေးရွာရွေးချယ်ရန် ကွင်းဆင်းကြည့်ရှု

ပန်းတောင်း ဇန်နဝါရီ ၂၇

ပဲခူးတိုင်း​ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ခရိုင်အဆင့် သီးကုန်းမြစိမ်းရောင် စံပြကျေးရွာ ရွေးချယ်ရန် ယမန်နေ့ နံက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

ထို့နောက် ပြည်ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦးနှင့် ခရိုင်အဆင့်မြစိမ်းရောင်စီမံကိန်း ကော်မတီ ဝင်များသည် မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ စံပြကျေးရွာ အား အမှတ်ပေးစည်းမျဉ်များနှင့်အညီ ကွင်းဆင်းရွေးချယ် ဆောင်ရွက်ခဲ့ရာ နတ်မောက် ကျေးရွာအုပ်စု သီးကုန်း မြစိမ်းရောင်ကျေးရွာသို့ မြစိမ်းရောင်ချေးငွေဖြင့် အရောင်းအဝယ် လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ စာရင်းဇယားများ‌ ဆောင်ရွက်ထားရှိမှုများ၊ အတိုးရ‌ငွေဖြင့် မီးသင်္ဂြိုဟ် စက်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခြင်း၊ စံပြကျေးရွာဆု ရွေးချယ်ခြင်း နှင့် ပတ်သက်၍ သိလိုသည်များကို သီးကုန်းကျေးရွာ မြစိမ်းရောင် ကျေးရွာ စီမံကိန်း ကော်မတီဝင်များအား မေးမြန်းခဲ့ပြီး လိုအပ်သည်များအား မှာ‌​ကြားဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

သင်းသင်းအေး (ပြန်/ဆက်)